Film Equipment / Regulations / Myanmar

 

၁။ / အထွေထွေ စည်းကမ်းချက်များ:

 

(၁)
ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း၏ ပစ္စည်းကိရိယာများကို ကျောင်း၏အသင်းဝင်များသာ ငှားရမ်းအသုံးပြုနိုင်ခွင့် ရှိသည်။ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း၏ အသင်းဝင်ဆိုသည်မှာ အနည်းဆုံး လက်တွေ့ရုပ်ရှင်ရိုက်ကူးရေး သင်တန်းတစ်ခုကို ပြီးဆုံးအောင်မြင်အောင် တက်ရောက်ခဲ့ပြီး သင်တန်းတွင် မိမိတို့ငှားရမ်းလိုသည့် ကိရိယာအား အသုံးပြုပုံကိုလေ့လာ သိရှိပြီးသူကို ဆိုလိုသည်။ (ဆိုလိုသည်မှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်းအနုပညာ၊ ဖြစ်ရပ်မှန် ဇာတ်လမ်းများ၊ ရုပ်ရှင်တည်းဖြတ်ခြင်း မိတ်ဆက်သင်တန်း)

(၂)
ပစ္စည်းကိရိယာ ငှားရမ်းသူသည် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရုံးမှ မိမိတို့ငှားရမ်းသည့်ပစ္စည်းကိရိယာကို ထုတ်ယူချိန်မှစ၍ ပစ္စည်းပြန်လည်အပ်နှံပြီး ပစ္စည်းကိရိယာမန်နေဂျာ သို့မဟုတ် စတိုထိမ်းမှ စစ်ဆေးပြီးချိန်အထိ တာဝန်ခံရမည်။ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း၏ အသင်းဝင်အားလုံးသည် ကျောင်းပိုင်ပစ္စည်းကိရိယာများကို ဂရုတစိုက်နှင့် ရိုရိုသေသေအသုံးပြုကြရန် လိုအပ်သည်။ ပစ္စည်းကိရိယာများကို ပံ့ပိုးပေးထားသော သေတ္တာများ အိပ်များအတွင်းသေချာစွာ ထုပ်ပိုးထည့်သွင်းကြရမည်။

(၃)
ပစ္စည်းကိရိယာငှားရမ်းသူသည် ပစ္စည်းမငှားရမ်းမီ အနည်းဆုံး ငါးရက်ကြိုတင်၍ ပစ္စည်းကိရိယာမန်နေဂျာထံ သတင်းပို့ရမည်ဖြစ်ပြီး ပစ္စည်းထုတ်ယူမည့်အချိန်ကို စီစဉ်ရမည်။ (အချိန်ပြည့်တာဝန်ထမ်းဆောင်မည့် ပစ္စည်းကိရိယာမန်နေဂျာ/စတိုထိမ်း ခန့်အပ်ပြီး ချိန် တွင် ပစ္စည်းငှားရမ်းသူသည် ငှားရမ်းသည့်ပစ္စည်းကိရိယာကို ရုံးချိန်အတွင်းမည်သည့်အချိန်မဆိုထုတ်ယူနိုင်သည်။)

(၄)
ပစ္စည်းကိရိယာငှားရမ်းသူသည် ပစ္စည်းမငှားရမ်းမီ ပစ္စည်းကိရိယာမန်နေဂျာမှ ထုတ်ပေးသော အသေးစိတ်စာရင်းတွင် လက်မှတ်ထိုးရမည်ဖြစ်ပြီး ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းစီမံခန့်ခွဲရေး (သင်တန်းကျောင်းမန်နေဂျာ သို့မဟုတ် အုပ်ချုပ်ရေးမှုး) နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုရမည်။

(၅)
ပစ္စည်းကိရိယာငှားရမ်းသူသည် ငှားရမ်းသည့်ပစ္စည်းကိရိယာကို မငှားရမ်းမီနှင့် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရုံးသို့ ငှားရမ်းထားသည့်ပစ္စည်းပြန်လည်အပ်နှံသည့်အချိန်တွင် ပစ္စည်းကိရိယာမန်နေဂျာနှင့်အတူ စစ်ဆေးရမည်။

(၆)
ရေဒီယို မိုက် များကို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းမှ အတွေ့အကြုံပြည့်ဝသော အဖွဲ့ဝင်များသာ အသုံးပြုခွင့်ရှိသည်။ (လက်ရှိအချိန်တွင် အတွေ့အကြုံပြည့်ဝသူများမှာ ကျော်မျိုးလွင်၊ စနိုး၊ မျိုးမင်းခင်၊ စိုင်းကောင်းခမ်း၊ ဒါလီ၊ ကျော်ကိုကို နှင့် စိုင်းညီညီ တို့ ဖြစ်သည်။)

(၇)
ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း ကျောင်းသားကော်မီတီ နှင့် သင်တန်းကျောင်းဒါရိုက်တာ တို့ ထံမှ တင်ကူးသဘောတူညီချက် မရှိပါက ပစ္စည်းကိရိယာများကို တစ်ကြိမ်လျှင် ဆယ်ရက်ထက်ကျော်လွန်၍ မငှားရမ်းနိုင်ပါ။

 

၂။ / ပစ္စည်းကိရိယာ ငှားရမ်းခများ

ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း၏ ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းကိရိယာများငှားရမ်းခများမှာ အောက်ပါအစီအစဉ်အတိုင်းဖြစ်သည်။


၃။ / အခွင့်အရေးများ

 

(၁)
ပစ္စည်းကိရိယာငှားရမ်းသူသည် ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း ကျောင်းသားများ မိမိတို့၏ ပရောဂျက်များဆောင်ရွက်ရာတွင် ကျောင်းသားများအတွက် သဘောတူညီထားသော ပစ္စည်းငှားရမ်းအသုံးပြုခ အပြည့်အဝကို ပေးဆောင်လျှင်၊ သို့မဟုတ် တတိယအဖွဲ့အစည်းအတွက် ဆောင်ရွက်သော ပရောဂျက်များအတွက် သဘောတူညီထားသော ပစ္စည်းငှားရမ်းအသုံးပြုခ အပြည့်အဝကို ပေးဆောင်လျှင်၊ ၄င်းတို့သည် ( သို့မဟုတ် တတိယအဖွဲ့အစည်းအတွက် ရုပ်ရှင်ရိုက်ကူးရာတွင် ၄င်းတို့ကို အလုပ်အပ်သူသည် ) ၄င်းတို့ ရုပ်ရှင်ကား၏ မူပိုင်ခွင့်ကိုစွဲကိုင်ထားနိုင်သည်။

(၂)
ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း၏ အဖွဲ့ဝင်တစ်ဦးသည် ၄င်းတို့၏ရုပ်ရှင်ကား ရိုက်ကူးရာတွင် သင်တန်းကျောင်း၏ ပစ္စည်းကိရိယာများကို အခမဲ့ အသုံးပြုပါက မူပိုင်ခွင့်ကို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းနှင့် ခွဲဝေယူရမည်။

(၃)
ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းသည် ကျောင်းသားတစ်ဦး၏ ရုပ်ရှင်ကား၏ ထုတ်လုပ်ခြင်းအလွန် (post-production ) ကိစ္စများအတွက် ထောက်ပံ့ပေးရမည်ဆိုပါက မူပိုင်ခွင့် ပိုင်ဆိုင်မှုကို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းမှ ၁၀၀ ရာခိုင်နှုန်းစွဲကိုင်သည်။

 

၎။ / ပျက်စီးခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ
 

(၁)
ပစ္စည်းကိရိယာငှားရမ်းအသုံးပြုသူသည် ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းကိရိယာများ သို့မဟုတ် ရုံးသုံးပစ္စည်းကိရိယာများ၏ မည်သည့် ပျက်စီးမှုမျိုးကိုမဆို ပစ္စည်းကိရိယာမန်နေဂျာထံ ချက်ခြင်း အစီရင်ခံတင်ပြရမည်။

(၂)
ပစ္စည်းကိရိယာမန်နေဂျာမှ သာမာန်အိုမင်းဟောင်းနွမ်းမှုကြောင့်ပျက်စီးခြင်းမဟုတ်ပဲ လုံးလုံးလျားလျားပေါ့ဆခြင်းကြောင့် ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဟု သုံးသပ်သော မည်သည့်ပျက်ဆီးဆုံးရှုံးမှုကို မဆို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း ကော်မီတီထံ အစီရင်ခံတင်ပြရမည်။ သင်တန်းကျောင်း၏ စီမံခန့်ခွဲရေးနှင့် ဒါရိုက်တာတို့ မှ မည်သို့မည်ပုံ အရေးယူဆောင် ရွက်မည်ကို ဆုံးဖြတ်မည်။

(၃)
လက်မခံနိုင်သောအပြုအမူ သို့မဟုတ် ပေါ့ဆမှုကြောင့် ပစ္စည်းကိရိယာများ အလွဲသုံးစားပြုခံရခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်ရသည်ဟု တွေ့ရှိရသော ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း အဖွဲ့ဝင်များသည် ပြန်လည်အစားထိုးရမည့် ပစ္စည်းကိရိယာ ကုန်ကျစရိတ်တန်ဘိုး ၅၀ ရာခိုင်နှုန်းအထိ ထည့်ဝင်ကျခံရန် တာဝန်ခံရမည်။





Visit Us On Facebook